သစ်တောဦစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ရှမ်းပြည်နယ်သစ်တောဝန်ထမ်းများနှင့်တွေ့ဆုံပြီးနောက် ရှမ်းပြည်နယ်သယံဇာတဝန်ကြီးနှင့်အတူ စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများ၊ဆက်လက်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကိုစစ်ဆေး
(၂၄-၅-၂၀၂၅)ရက်နေ့ တွင်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်သည် ရှမ်းပြည်နယ် ရတနာသစ်ခန်းမတွင် တောင်ကြီးခရိုင် သစ်တောဝန်ထမ်းများ၊ ရေဝေရေလဲဌာနမှဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်း သိမ်းရေးဌာနမှဝန်ထမ်းများ တွေ့ဆုံပြီး သစ်တောဦးစီးဌာန လျာထားချက်များ သတ်မှတ်ချိန် အောင်မြင်စွာပြီးစီးရေး မှာကြားခြင်း၊ ဝန်ထမ်းမိသားစုများ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း အားပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ် သယံဇာတဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်သည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ဆောင်ရွက်ထားသော သစ်တောလုပ်ငန်းများဖြစ်သည့် တောင်ကြီးမြို့စိမ်းလန်း စိုပြည်ရေးစိုက်ခင်း (5)Ac၊ တောင်ကြီးဌက်ဘေးမဲ့တော အတွင်း တင်မြင့်ရီကုမ္မဏီမှကျောက်တောင်တွင် ကွန်တိုလိုင်းတူးဖော်ပြီး မိုက်ခရိုရိုက်ဇာ မြေဆွေးထည့်ခြင်းဆောင်ရွက်ထားရှိမှု၊ တောင်ကြီးရေဝေရေလဲ ရုံးပြင်ဆင်ထားရှိမှု၊ တောင်ကြီး-အေးသာယာအတက်လမ်း (4.5)Acသစ်ပင်စိုက်ပျိုးထားရှိမှု၊ ရွှေညောင် ဘိနယ်စခန်းပြင်ဆင်ထားရှိမှု၊ ဘိနယ်ရုံးပြင်ဆင်ထားရှိမှု၊ တောင်လေးလုံး သုတေသနပျိုးစင် ပျိုးဥယျာဉ် စစ်ဆေးမှုတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။











