သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ် လပ်လျှက်ရှိသော ရုံးလက်ထောက်ဝန်ထမ်းနေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း
ရုံးလက်ထောက်ဝန်ထမ်းနေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း
၁။ သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ် လပ်လျှက်ရှိသော အောက်ဖော်ပြပါ ရုံးလက်ထောက်ဝန်ထမ်းနေရာအတွက် သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) လျှောက်ထားသူသည် အသက်(၁၈)နှစ်ပြည့်ပြီးသူနှင့် အသက် (၄၀)နှစ်မကျော်လွန်သူ ဖြစ်ရပါမည်။
(ဂ) ရုံးလက်ထောက်ဝန်ထမ်းလျှောက်ထားလိုသူသည် ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရပါမည်။
(ဃ) ရုံးလက်ထောက်ဝန်ထမ်းလျှောက်ထားလိုသူသည် ကွန်ပျူတာကို ကိုင်တွယ်အသုံးပြု၍ ဆောင်ရွက်နိုင်သူကို ဦးစားပေးရွေးချယ်မည်ဖြစ်ပါသည်။
(င) အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရပါမည်။
(စ) ကျန်းမာရေးကောင်းမွန်ပြီး သွက်လက်ဖြတ်လက်၍ အမိန့်နာခံပြီးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လိုသူဖြစ်ရပါမည်။
(ဆ) သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။
၂။ လျှောက်ထားလိုသူသည် အောက်ဖော်ပြပါ အချက်အလက်များဖြင့် ပြည့်စုံစွာ လျှောက် ထားရမည်-
(က) ကိုယ်ရေးမှတ်တမ်း
(ခ) ဘွဲ့လက်မှတ် (သို့) ပညာအရည်အချင်းထောက်ခံချက်
(ဂ) ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ကျေးရွာ/ရပ်ကွက်တွင် နေထိုင်ကြောင်းနှင့်အ ကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံချက်
(ဃ) သက်ဆိုင်ရာရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်
(င) အိမ်ထောင်စုစာရင်းမိတ္တူ
(စ) အခြားသင်တန်းများသို့ တက်ရောက်အောင်မြင်ကြောင်း လက်မှတ်မိတ္တူ
၃။ တာဝန်ထမ်းဆောင်ရမည့်နေရာ - သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်း စီမံကိန်း၊ ဉယျာဉ်အုပ်ချုပ်ရေးမှူးရုံး၊ ရေဖြူမြို့နယ်။
၄။ လစာ - ၃၃၅,၀၄၀/- ကျပ်
၅။ လျှောက်လွှာနှင့်အတူ ကိုယ်ရေးရာဇဝင်အသေးစိတ်အချက်အလက်များနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်တို့ကို ၂၀၂၅ ခုနှစ်၊ မေလ (၃၀) ရက်နေ့ထက်နောက်မကျစေဘဲ “တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ ဥယျာဉ်အုပ် ချုပ်ရေးမှူးရုံး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့” ရုံးချိန်အတွင်းလူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။
၆။ အသေးစိတ်သိရှိလိုပါက “တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ စီမံကိန်းဒါရိုက်တာ ရုံး၊ ရုံးအမှတ် (၃၉)၊ သစ်တောဦးစီးရုံးချုပ်၊ နေပြည်တော် (သို့မဟုတ်) ဥယျာဉ်အုပ်ချုပ်ရေးမှူး ရုံး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့” လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ်- ၀၉ ၄၄၈ ၅၃၇ ၃၇၀၊ ၀၉ ၇၉၄ ၈၉၇ ၂၂၈ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံးစမ်းနိုင်ပါသည်။
စာအမှတ်၊ တနသရ(စီမံကိန်း/ဝထ/ /၂၀၂၅)
ရက်စွဲ ၊ ၂၀၂၅ ခုနှစ်၊ မေလ ( )ရက်
(ဆန်းမြင့်ထွန်း)
စီမံကိန်းဒါရိုက်တာ
တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း
မိတ္တူကို
ရုံးလက်ခံ/မျှောစာတွဲ
ရုံးလက်ထောက်၏ လုပ်ငန်းတာဝန်များ (Terms of Reference - ToR) မှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်-
(က) ရုံးတွင်း စာပို့/စာယူလုပ်ငန်းများ ဆောင်ရွက်ရမည်။
(ခ) ရုံးစာများကို မိတ္တူကူးပေးခြင်းနှင့် ဝင်စာ/ထွက်စာများကို စနစ်တကျမှတ်တမ်းသွင်း လုပ်ဆောင်ရမည်။
(ဂ) ကွန်ပျူတာအခြေခံကောင်းမွန်ပြီး စာစီစာရိုက်ကျွမ်းကျင်သူဖြစ်ရမည်။
(ဃ) တာဝန်ကိုလိုလားစွာ ဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။
(င) တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များကို လိုက်နာနိုင်သူ ဖြစ် ရမည်။
(စ) အလုပ်ရာထူးမှ နှုတ်ထွက်လိုပါက ဉယျာဉ်အုပ်ချုပ်ရေးမှူးထံသို့ အနည်းဆုံး (၁) လ ကြိုတင်အသိပေး၍ နှုတ်ထွက်ရမည်။