၁၉-၅-၂၀၂၅ ရက်နေ့မှ ၂၅-၅-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀.၃၇၀၆)တန်၊ သစ်မာ (၂၃.၁၄၁၈)တန်၊ အခြား (၃၇.၆၉၇၆)တန်၊ စုစုပေါင်း (၇၁.၂၁၀၀)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၅-၂၀၂၅ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြို့မ(ဆိပ်ကမ်း)ဘိနယ်၊ ကလွင်ကျေးရွာ အုပ်စု၊ ရှမ်းချောင်းမကြီး၏ ချောင်းလက်တက်ကမ်းဘေးမှ တရားမဝင် ကဒွတ်သစ်လုံး (၁၀)လုံး (၁၀.၀၀၈၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date:
Wednesday, May 28, 2025 - 10:00