တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)ရှိ ​မော်​တော်ယာဥ်များ အဆင့်မြှင့်တင်​ရေး အစည်းအ​ဝေးကျင်းပ

သစ်တောဦးစီးဌာနမှ ထူးထ​ရေးဒင်းကုမ္ပဏီ ီမိတက်၊ Htoo Zoos & Gardens Business Unit သို့ တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့အား အများပြည်သူ အပန်း​ဖြေကြည့်ရှု​လေ့လာနိုင်​ရေးတွက် ငှားရမ်းထားရှိခဲ့ပါသည်။ (၂၉-၅-၂၀၂၅) ရက်၊ ကြာသပတေးနေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)ရှိ ​မော်​တော်ယာဥ်များ အဆင့်မြှင့်တင်​ရေး အစည်းအ​ဝေးကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ ညွှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ Htoo Zoos & Gardens Business Unit ၊ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။အစည်းအ​ဝေးတွင် Htoo Zoos & Gardens Business Unit ၊ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်) တို့ရှိ သစ်​တောဦးစီးဌာနမှ မူလလွှဲပြောင်း/လက်ခံစဥ် ပါဝင်​သော မော်တော်ယာဉ်(၂၄)စီးအား အဆင့်မြှင့်တင်နိုင်​ရေး ပြန်လည်ပြင်ဆင် ဖြည့်ဆည်းမည့် အစီအစဉ်အား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်း​ဆွေး​နွေးခဲ့​ကြောင်း သတင်းရရှိပါသည်။

date: 
Thursday, May 29, 2025 - 13:15