မွန်ပြည်နယ်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ(ဆဌမအကြိမ်)အစည်းအဝေးကျင်းပပြုလုပ်ခြင်း
မွန်ပြည်နယ်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ(ဆဌမအကြိမ်)အစည်းအဝေးကို ၂၈-၅-၂၀၂၅ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆက်စပ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူး/ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပြည်နယ်ကော်မတီအတွင်းရေးမှူး ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ ပြည်နယ်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ၏ ဆောင်ရွက်ချက်၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ တွဲဘက်အတွင်း ရေးမှူး (၁) ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြပြီး ဆက်စပ်ဌာနဆိုင်ရာများမှ ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့စေရေးကိစ္စများအား ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။




