၁၄-၁၁-၂၀၂၂ ရက်နေ့မှ ၂၀-၁၁-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၂.၄၆၀၀)တန်၊ သစ်မာ (၅.၄၆၃၂)တန်၊ အခြား (၂၄.၅၉၂၀)တန်၊ စုစုပေါင်း (၁၅၂.၅၁၅၂)တန်၊ ယာဉ်/ ယန္တရား (၁၂)စီး၊ တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်..ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၀-၁၁-၂၀၂၂ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၅၃၊ ၆၁၊ ၆၄၊ ၆၆၊ ၇၉၊ ၈၀၊ ၂၀၃)တို့အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲခြမ်း/ဖရုံစိပ်/ ခွဲသား/လုံးပတ်(၃)ပေအောက် (၃၅၀)လုံး/ခြမ်း/စိပ်/ချောင်း (၆၀.၈၂၀၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်..
date:
Wednesday, October 26, 2022 - 21:00