သစ်တောဦးစီးဌာန တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် နည်းပညာဆိုင်ရာပံ့ပိုးကူညီမှုများ ဆောင်ရွက်ရန်အတွက် ပြင်ပနည်းပညာအကြံပေးအဖွဲ့ခေါ်ယူခြင်း
ပြင်ပနည်းပညာအကြံပေးအဖွဲ့၏ တာဝန်ဝတ္တရားများ (၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်)
ပြင်ပနည်းပညာအကြံပေးအဖွဲ့သည် တနင်္သာရီသဘာဝကြိုးဝိုင်းဖွံဖြိုးတိုးတက်ရေး အတွက် စီမံကိန်းဒါရိုက်တာအား နည်းပညာအကြံဉာဏ်များ ပံ့ပိုးပေးရမည်ဖြစ်ပါသည်။ ထိုသို့ ပံ့ပိုးရာတွင် သဘာဝကြိုးဝိုင်း၏ ထူးခြားသည့် အခြေအနေများနှင့် လိုအပ်ချက်များအပေါ်တွင် အခြေခံ၍ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ နည်းပညာအကြံပေးအဖွဲ့၏ အသေးစိတ်တာဝန်ဝတ္တရား များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်အပေါ်အခြေခံ၍ လုပ်ငန်း စီမံချက်များရေးဆွဲရာတွင် စီမံကိန်းဒါရိုက်တာနှင့် သဘာဝကြိုးဝိုင်းစီမံအုပ်ချုပ် လုပ်ကိုင်မှု အဖွဲ့တို့အားကူညီပံ့ပိုးဆောင်ရွက်ပေးရန်၊
(ခ) သဘာဝကြိုးဝိုင်းအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်အား ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုမြှင့်တင်ပေးနိုင်ရန် အလို့ ငှာစီမံကိန်းဒါရိုက်တာနှင့်ဆွေးနွေးညှိနှိုင်း၍ သဘာဝကြိုးဝိုင်းစီမံအုပ်ချုပ်မှုအဖွဲ့နှင့် ဒေသခံ ဝန်ထမ်းများအတွက် လိုအပ်သောစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ပေးရန်၊
(ဂ) နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ သဘာဝထိန်းသိမ်းရေးနယ်မြေစီမံအုပ်ချုပ်နိုင်မည့် နည်းလမ်းကောင်းများနှင့် နည်းလမ်းသစ်များကို လေ့လာသုံးသပ်ပြီး တနင်္သာရီသဘာဝ ကြိုးဝိုင်းနှင့် ဆီလျော်မည့် နည်းလမ်းများအားအကြံပြုပေးရန်
(ဃ) သင့်လျော်သောကြားခံနယ်မြေသတ်မှတ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းတို့နှင့် စပ်လျဉ်း၍ သဘာဝကြိုးဝိုင်း နယ်နိမိတ်သတ်မှတ်ခြင်းလုပ်ငန်းနှင့် ဇုန်ခွဲခြားသတ်မှတ်အုပ်ချုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာကူညီပံ့ပိုးပေးရန်၊
(င) သဘာဝကြိုးဝိုင်းကိုထိရောက်စွာ စီမံအုပ်ချုပ်နိုင်ရန်အတွက် အဓိကကျသော ဇီဝမျိုးစုံ မျိုးကွဲများနှင့် ကင်းလှည့်ခြင်းလုပ်ငန်းများကို မှတ်တမ်းတင်သိမ်းဆည်းထားနိုင်သည့် သင့်လျော်သော အချက်အလက်သိုမှီးနိုင်သည့် စနစ်တစ်ခုတည်ထောင်နိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊
(စ) အမျိုးသားအကြံပေးများနှင့် စာရင်းကောက်လေ့လာမည့် သုတေသနအဖွဲ့များအတွက် တာဝန်ဝတ္တရားများပြင်ဆင်ရေးဆွဲရာတွင် ကူညီဆောင်ရွက်ပေးရန်နှင့် ကြီးကြပ်ကွပ်ကဲ ပေးရန်၊
(ဆ) တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဌမ အကြိမ်မြောက် အုပ်ချုပ်လုပ်ကိုင်မှုစီ မံချက်ရေးဆွဲရာတွင် နည်းပညာများအကြံပြုပံ့ပိုးဆောင်ရွက်ပေးရန်၊
(ဇ) တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ၊ နည်းပညာကော်မတီ (Technical Committee) အစည်းအဝေးများ တက်ရောက်၍ နည်းပညာ အကြံပြုဆွေးနွေးရန်၊
(ဈ) သဘာဝကြိုးဝိုင်းစီမံအုပ်ချုပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်း၍ အစီရင်ခံစာများနှင့် လက်စွဲ များပြုစုရာတွင် ကူညီဆောင်ရွက်ပေးရန်၊
(ည) သစ်တောဦးစီးဌာနရှိ RS/GIS ဌာနများနှင့်ညှိနှိုင်း၍ သဘာဝကြိုးဝိုင်းနှင့် ဆက်စပ် ဝန်းကျင်၏ သစ်တောဖုံးလွှမ်းမှုပြမြေပုံနှင့် သစ်တောမြေအသုံးချမှုပြောင်းလဲခြင်းဆိုင်ရာ အချက်အလက်များပြုစုရာတွင် ကူညီဆောင်ရွက်ပေးရန်၊
(ဋ) သဘာဝကြိုးဝိုင်းအပေါ်မှီခိုအားထားနေသည့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်း ကျောင်းဖွံ့ဖြိုးတက်စေရေးအတွက် အခွင့်အလမ်းများ၊ အလားအလာများအား ရှာဖွေဖော် ထုတ်ခြင်းနှင့် သင့်လျော်သည့် နည်းဗျူဟာများအကြံပြုရန်၊
(ဌ) စီမံကိန်းဧရိယာအတွင်းရှိ တောရိုင်းတိရစ္ဆာန်များနှင့် အပင်မျိုးများအား အရေအတွက်၊ ပျံ့နှံ့တည်ရှိမှုူများနှင့် ပေါများမှုများကို လေ့လာဆန်းစစ်မှုပြုလုပ်ရန်နှင့် ဆက်လက် လုပ်ဆောင်သင့်သည့် သုတေသနလုပ်ငန်းများအား အကြံပြုပေးရန်၊
(ဍ) “ပြင်ပနည်းပညာအကြံပေးအဖွဲ့”သည် သတ်မှတ်လုပ်ငန်းတာဝန်များ ဆောင်ရွက်ပြီး နောက်ရက်ပေါင်း (၃၀) အတွင်း စီမံကိန်းဒါရိုက်တာသို့ လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံ စာတင်ပြရန်၊