၂၈-၁၁-၂၀၂၂ ရက်နေ့မှ ၄-၁၂-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၁.၅၆၈၆)တန်၊ သစ်မာ (၈.၆၆၄၈)တန်၊ အခြား (၃၄.၁၇၈၆)တန်၊ စုစုပေါင်း (၈၄.၄၁၂၀)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၂၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၈-၁၁-၂၀၂၂ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၅၈၊ ၆၁၊ ၆၆၊ ၈၀၊ ၁၁၁) တို့အတွင်းမှ တရားမဝင်ကျွန်း သစ်လုံး/ခွဲခြမ်း (၆၆) လုံး/ခြမ်း (၁၂.၇၂၆၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, December 7, 2022 - 11:00