၅-၁၂-၂၀၂၂ ရက်နေ့မှ ၁၁-၁၂-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၀.၅၁၂၆)တန်၊ သစ်မာ (၄၁.၃၇၇၈)တန်၊ အခြား (၅၂.၀၆၆၂)တန်၊ စုစုပေါင်း (၁၅၃.၉၅၆၆)တန်၊ ယာဉ်/ ယန္တရား (၁၇)စီး၊ တရားခံ (၂၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၁၂-၂၀၂၂ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၆၄၊ ၈၀၊ ၈၃၊ ၁၁၁) တို့အတွင်းမှ တရားမဝင်ကျွန်း သစ်လုံး/ ခွဲခြမ်း/ ခွဲသား/ ဖရုံစိပ် (၁၂၂) လုံး/ ခြမ်း/ စိပ် (၂၁.၅၂၈၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Thursday, October 13, 2022 - 06:15