မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အထူးအစည်းအဝေးအား သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ အစည်းအဝေးခန်းမတွင် ကျင်းပခြင်း
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသစ်တော ကျောင်း၊ ပြင်ဦးလွင်မြို့၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၉) သင်တန်း တက်ရောက်ခွင့်နှင့်စပ်လျဉ်း၍ အထူးအစည်းအဝေးကို Hybrid အစီအစဉ် (လူကိုယ်တိုင်+ အွန်လိုင်း)ဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီမှ (၁၅:၀၀)နာရီအထိ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် လုပ်ငန်း/ဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ လုပ်ငန်း/ဌာနများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ် စုစုပေါင်း(၂၈) ဦးတို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။






