တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ သတ္တမအကြိမ်မြောက် နည်းပညာကော်မတီ အစည်းအဝေးကျင်းပ
တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ သတ္တမအကြိမ်မြောက် နည်းပညာကော်မတီ အစည်းအဝေးကို (၆-၆-၂၀၂၅)ရက်၊ သောကြာနေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နည်းပညာကော်မတီ ဥက္ကဌ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။အစည်းအဝေးသို့ နည်းပညာကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပတ်ဝန်းကျင်သိမ်းရေးဦးစီးဌာနမှ တာဝန်ရှိ သူနှင့် မိတ်ဖက်ကော်မတီမှ နည်းပညာကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တွဲဖက် အတွင်းရေးမှူးနှင့် သစ်တောဦးစီးဌာန၊ ရေဖြူမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ ဦးစီးအရာရှိတို့မှ Online ဖြင့် တက်ရောက်ကြပါသည်။ဦးစွာ ကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး တွဲဖက်အတွင်းရေးမှူးမှ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ လက်ရှိဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ အတွင်းရေးမှူးမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေသုံးစွဲမှုနှင့် လုပ်ငန်းလျာထားချက်ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ နည်းပညာအကြံပေးအဖွဲ့(Friends of Wildlife)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းနည်းပညာအကြံပေးလုပ်ငန်းများ ဆောင်ရွက်မှုကိုလည်းကောင်းအသီးသီး ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများမှဝီိုင်းဝန်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်
