ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီပြည်နယ်အဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ပြည်သူများမှ သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ် ဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို ပိုမို ပူးပေါင်းဆောင်ရွက်လာစေရေးတို့ကို ရည်ရွယ်၍ ဇွန်လ(၅)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ဝန်းအတွင်း၌ ပြည်နယ်အဆင့် ၂၀၂၅-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ် ဆရာ/ဆရာမများ နှင့် ကျောင်းသူ/ ကျောင်းသားများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များဖြင့် အင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အမြင့်(၂) ပေနှင့်အထက် (၂) နှစ်သားအရွယ်ရှိ ပျဉ်းကတိုး(၂၄၂)ပင်၊ မန်ဂျန်ရှား(၂၇၀)ပင်၊ ရေပိတုန်း (၂၆၃)ပင်၊ ကံ့ကော်(၅) ပင်စသည့် သစ်မျိုး (၄)မျိုးပျိုးပင်စုစုပေါင်း(၇၈၀)ပင်အား သတ်မှတ်နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသတင်းရရှိပါသည်။






