၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

(၅-၆-၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီတွင် မော်လမြိုင်မြို့၊ ဈေးကြီးရပ်ကွက်၊ တောင်ဝိုင်း၊ တက္ကသိုလ်(၁၀)မြို့နယ်ဆောင် အဝင်လမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်လက်ထော်ကညွှန်ကြားရေမှူး၊ မော်လမြိုင်မြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်တက္ကသိုလ်မှ ဆရာ/ဆရာမများ၊ သူနာပြုသင်တန်း ကျောင်း၊ သားဖွားသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)၊ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူများ စုစုပေါင်း အင်အား(၅၁၀)ဦး တက်ရောက်ခဲ့ပြီး ကျွန်း၊ ပျဉ်းကတိုး၊ သင်္ကန်း၊ ပျဉ်းမ၊ မဟောဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ မယ်ဇယ် သစ်မျိုး(၁၀)မျိုးဖြင့် ပင်ရေ(၁၀၀၀)ပင်စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Friday, June 6, 2025 - 15:15