သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး မန္တလေးမြို့ရှိ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)သို့သွားရောက်စစ်ဆေးကြည့်ရှု
သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးမြို့ရှိ တိရစ္ဆာဥယျာဉ် (ရတနာပုံ) သို့ ၇-၆-၂၀၂၅ ရက်၊ (၁၄:၀၀) နာရီအချိန်တွင်ရောက်ရှိပြီး တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အတွင်းရှိ ကျား၊ ခြင်္သေ့၊ ဆင်၊ ရေမြင်း၊ မြင်းကျား၊ ဖျံ၊ ရေနေငှက်၊ မြွေ၊ မလေးဝက်ဝံ၊ ဟိမဝန္တာဝက်ဝံ၊ ဒေါင်း၊ အောင်လောင်ငှက်၊ တောကြောင်၊ ကြောင်ဝံပိုက်စသည့် တိရစ္ဆာန်ပြကွက် (၂၄) ခု၊ တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ မြေယာရှုခင်းများ (Landscaping)၊ အများပြည်သူ အပန်းဖြေ အနားယူသည့် နေရာများ (Public Area)၊ တိရစ္ဆာန်ပြကွက်များသို့ သွားလာရာလမ်းများနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် တိရစ္ဆာန်ဥယျာဉ်အတွင်း မာတာကွတ်၊ ဇီးဖြူ၊ တမာ၊ သင်္ဘောတယ်အစရှိသည့် တိရစ္ဆာန်စားပင် စုစုပေါင်း (၁၉) ပင်ကို အမှတ်တရ စိုက်ပျိုးခဲ့ပါသည်။ တိရစ္ဆာန်ဥယျာဥ်ရှင်းလင်းဆောင်တွင် တိရစ္ဆာန်ဥယျာဉ်ရှိတာဝန်ရှိသူများ၏ ယခင်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့မှုများအပေါ် ဆောင်ရွက်ထားရှိမှု၊ (၁၀) နှစ်တာကာလအတွင်း ဘဏ္ဍာနှစ်အလိုက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ/ဘဏ္ဍာငွေများနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လမ်းညွှန်ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။








