သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံသစ်တောကျောင်း အပတ်စဉ်(၁၁၈)သင်တန်းသားများ တောတွင်းကွင်းဆင်းဆောင်ရွက်မှု အခြေအနေအား ကြည့်ရှူ့အားပေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် မြန်မာနိုင်ငံသစ်တောကျောင်း အပတ်စဉ်(၁၁၈)သင်တန်းသားများ ဆင်လမ်းဆည်ရေဝေရေလဲဧရိယာအတွင်း သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ တောတွင်းကွင်းဆင်းဆောင်ရွက်မှု အခြေအနေအား ကြည့်ရှူ့အားပေး၍ သစ်တောလုပ်ငန်များအား လက်တွေ့ကွင်းဆင်း ဆောင်ရွက်ရာ၌ လုပ်ငန်းတစ်ခုချင်းအလိုက်ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်တတ်စေရေးကြိုးစားသင်ယူဆောင်ရွက်ရန်၊ သစ်တောဖုံးလွှမ်းမှု ကောင်းမွန်စေရေး အတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် လုပ်ငန်းများကျွမ်းကျင်ပိုင်နိုင်စေရေးဆည်းပူးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသားများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။




