မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်"Talk Show" ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးတို့သည် (၂-၆-၂၀၂၅)ရက်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ၂၀၂၅ ခုနှစ်၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုး ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း (Talk Show) အစီအစဉ်တွင် သစ်ပင်အရေးပါပုံ၊ သစ်တောဖုံးလွမ်းမှု ပြန်လည်ကောင်းမွန်လာစေရန် MRRP လုပ်ငန်းများ ဆောင်ရွက်မှု၊ ၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် မွန်ပြည်နယ် တစ်ပြည်နယ်လုံးနှင့် ကျိုက်မရောမြို့နယ်တို့၌ သစ်ပင် စိုက်ပျိုးမည့်အစီအစဉ်နှင့် အရေအတွက်၊ သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်စေရေး ဆောင်ရွက်မှုများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောစီမံအုပ်ချုပ်ခြင်းလုပ်ငန်းများ ဖြစ်ပေါ်စေရေးဆွေးနွေးချက်များ အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

date: 
Wednesday, June 11, 2025 - 10:15