အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူးများအဖွဲ့ နဝမအကြိမ်အစည်းအဝေးကျင်းပ

အမျိုးသားမြေအသုံးချကောင်စီအတွင်းရေးမှူးများအဖွဲ့ နဝမအကြိမ်အစည်းအဝေးကို (၁၀-၆-၂၀၂၅) ရက်၊ အင်္ဂါနေ့ နေ့လယ် (၁၄:ဝ၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချကောင်စီအတွင်းရေးမှူးများအဖွဲ့ အဖွဲ့ခေါင်းဆောင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ စည်းအဝေးတွင် အတွင်းရေးမှူးများအဖွဲ့၏ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့နှင့်လုပ်ငန်းကော်မတီအသီးသီး တို့မှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး ကြပြီး အဖွဲ့ခေါင်းဆောင်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
အတွင်းရေးမှူးများအဖွဲ့အစည်းအဝေးကို (၃)လတစ်ကြိမ် ကျင်းပလျက်ရှိပြီး အမျိုးသားမြေအသုံးချမှု ကောင်စီ၏ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် နည်းပညာ အကြံပေးအဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ကြ ကြောင်း သိရှိရသည်။

date: 
Wednesday, June 11, 2025 - 10:45