ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီပြည်နယ်အဆင့်တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေး၊ လမ်းဘေးဝဲယာတလျောက် စိမ်းလန်းစိုပြည်ရေးနှင့် လေကာတန်းရရှိရေးတို့ကို ရည်ရွယ်၍ ဇွန်လ(၁၁)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ၊ မော်ဖောင်းကျေးရွာသစ်၊ ဌာနဆိုင်ရာမြေနေရာပတ်လမ်း၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီပြည်နယ်အဆင့်တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲဲ့ ၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များဖြင့် အင်အား (၃၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပျဉ်းကတိုး(၂၈၆)ပင်၊ မန်ဂျန်ရှား(၂၈၆)ပင် စုစုပေါင်း(၅၇၂)ပင်အား သတ်မှတ်နေရာများတွင် တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။





