သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ သောင်းနိုင်ဦးသည် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ၃/၂၀၂၅ ရေဝေရေလဲစိုက်ခင်း (၂၅)ဧကသို့ ကြည့်ရှု့စစ်ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည်(၁၀-၆-၂၀၂၅)ရက်နေ့ (၁၅:၄၀)အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် (၄၁)တွင် တည်ထောင်သည့် ၃/၂၀၂၅ ရေဝေရေလဲစိုက်ခင်း (၂၅)ဧကအား စစ်ဆေး၍ စိုက်ပျိုးခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား SOP လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်၊ အောင်မြင်သော စိုက်ခင်းတစ်ခုဖြစ်လာစေရန် တစ်ပင်သေ တစ်ပင်ဖာစနစ် ကျင့်သုံးဆောင်ရွက်ရန်နှင့် သစ်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အင်ပြည့်အားပြည့်ဆောင်ရွက်ရန်တို့အားမှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, June 11, 2025 - 19:15