ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ၂၀၂၅ ခုနှစ်၊ မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ အခြေခံပညာ အလယ်တန်းကျောင်း၊ ချင်းခင်ကျေးရွာ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကို (၁၂.၆.၂၀၂၅) ရက်နေ့၊ နံနက် (၈)နာရီအချိန်က ကျင်းပခဲ့ပါကြောင်း ဖြူးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့် ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေး အဖွဲ့၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ပညာရေးမှူး ဦးကျော်စွာလင်း နှင့် အခြေခံပညာ အလယ်တန်းကျောင်း ချင်းခင်ကျေးရွာမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း (၂၀၀)ဦးခန့်
တက်ရောက်၍ တက်ရောက်လာကြသူများက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ယမနေ၊ မန်ဂျန်ရှား၊ ခရေ၊ စွယ်တော်၊ စိန်ပန်း စုစုပေါင်းအပင် (၄၀၀)ကိုတက်ရောက်စိုက်ပျိုးခဲ့ပါကြောင်း သိရှိရသည်။







