သစ်တောဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးနီရွာအခြေခံပညာအထက်တန်း ကျောင်းတွင်မြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

(၁၂.၆.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ၊ သစ်တောဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးနီရွာအခြေခံပညာအထက်တန်း ကျောင်းတွင် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်း (၄၆)ဦး၊ ကွမ်းခြံအုပ်စုအုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ(၆)ဦး၊ ကျေးနီရွာအထကကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၁၀)ဦးနှင့်ကျောင်းသူ/သား (၁၀၀)ဦး၊ စုစုပေါင်း (၁၆၂)ဦးတက်ရောက်၍ ကျွန်း၊ ပိတောက်၊မန်ဂျန်ရှား၊ မဲဇလီ၊ စိန်ပန်းပျိုးပင် (၃၀၀) ပင် စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသိရှိရသည်။

date: 
Thursday, June 12, 2025 - 11:15