တွံ‌တေးခရိုင်၊ ဒလ-ဓနုတ် ကားလမ်းမကြီးဘေးဝဲ/ယာ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

၁၂.၆.၂၀၂၅ ရက်နေ့၊ ၀၈:၀အချိနတွင် တွံ‌တေးခရိုင်၊ ဒလ-ဓနုတ်ကားလမ်းမကြီးဘေးဝဲ/ယာ၌၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ပျိုးပင် များပေးအပ်ခြင်းများ ဆောင်ရွက်ပြီး အခမ်းအနားသို့ တက်ရောက် လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများမှ မန်ဂျန်ရှားပင် (၁၀၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ သစ်တော ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေး အဖွဲ့များ၊‌ ကျောင်းသူ/သားများနှင့် ပြည်သူများ စုစုပေါင်းအင်အား(၂၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Thursday, June 12, 2025 - 14:00