သစ်​တောဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ်ရုံးနှင့် ​တိုင်း​ဒေသကြီး/ပြည်နယ်တာဝန်ခံများ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ

သစ်​တောဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ်ရုံးနှင့် တိုင်း​ဒေသကြီး/ပြည်နယ်တာဝန်ခံများ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို (၁၂-၆-၂၀၂၅)ရက်၊ ကြာသပတေးနေ့၊ (၀၉:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပါသည်။
ဦးစွာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ(၃)လ ပတ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အခွန်ရငွေသည် လျာထားချက်အပေါ် ( ၆၅.၈၃ )ရာခိုင်နှုန်းနှင့် သာမန်ရငွေသည် လျာထားချက်၏ (၇၄.၁၂) ရာခိုင်နှုန်း ကောက်ခံနိုင်ခဲ့ပြီး ကောက်ခံရန် ကျန်သည့် ရငွေများ အချိန်မီ အပြည့်အဝ ကောက်ခံရန် တိုက်တွန်းကြောင်း နှင့် မိုးကာလအတွင်း သစ်ပင်စိုက်ပျိုးမှု၊ လူထုဖြန့်ပျိုးပင်များဖြန့်ဝေမှုများ စနစ်တကျနှင့်အချိန်မီ ပြီးစီး​အောင်ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ​ပြောကြားခဲ့သည်။
အစည်းအ​ဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဦးစီးရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရ​ငွေရရှိမှု ၊ သုံးစွဲမှုအ​ခြေအ​နေများ၊ ဂျီဒီပီ၊ ဂျီအိုဗွီ တိုးတက်မှုများ၊ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးမှု၊ လူထုဖြန့်ပျိုးပင်ဖြန့်ဝေမှု အခြေအ​နေများအား ရှင်းလင်း တင်ပြ​ဆွေး​နွေးမှုများအ​ပေါ် ညွှန်ကြား​ရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

date: 
Thursday, June 12, 2025 - 16:15