ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးရုံးရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ ၁၄:၀၀နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးရှိ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ရာ အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ ပြင်ဦးလွင်ခရိုင်ရုံးရှိ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဟန်နီသင်းမှ ပြင်ဦးလွင်ခရိုင်ရုံး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်တိုးတက်မှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြ၍ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးမှ မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Friday, June 13, 2025 - 10:15