သာယာဝတီမြို့နယ်၌ မြို့နယ်အဆင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့၊အလက ကွက်သစ်ကျောင်းဝန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက ဌာနဆိုင်ရာများနှင့် အလက ကွက်သစ် ကျောင်းအုပ်ဆရာကြီးထံသို့ ပျိုးပင်များ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလက ကွက်သစ်ကျောင်းအုပ်ဆရာကြီး၊ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား(၁၅၀)
ခန့်တို့က ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ ခရေ၊ မန်ဂျန်ရှား နှင့် စိန်ပန်းစသည့် ပျိုးပင်စုစုပေါင်း (၃၀၀) ပင်ကို စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။




