တွံတေးမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာ၊ ကန်ကြီးကုန်းရေလှောင်တမံတွင် မြို့နယ်အဆင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၁၇-၆-၂၀၂၅ ရက်နေ့၊(၀၈၀၀)နာရီတွင် တွံတေးမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာ၊ ကန်ကြီးကုန်းရေလှောင်တမံတွင် မြို့နယ်အဆင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၁ ဒုတိယ ဗိုလ်မှူးကြီးသန့်ဇင်၊ အဖွဲ့ဝင်-၃ ဦးမောင်မောင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမျိုးသန့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၀၀)ဦး တက်ရောက်ပြီးမန်ဂျန်ရှား(၁၀၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း နှင့် (၀၉၀၀)အချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, June 17, 2025 - 17:45