ပေါင်းတည်မြို့နယ်၊ သပြေကြီးစုကျေးရွာအုပ်စု၊ ယင်းမာကုန်းကျေးရွာတွင်ပူးပေါင်း၍ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ
(၁၇.၆.၂၀၂၅)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ သပြေ ကြီးစုကျေးရွာအုပ်စု၊ ယင်းမာကုန်းကျေးရွာတွင် ပေါင်းတည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဗန်လာအဲငါပါ သစ်တောဝန်ထမ်း(၁၀)ဦး၊ ပေါင်တည်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယင်းမာကုန်းကျေးရွာ အခြေခံမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူ /သားများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း (၂၃၇)ဦး ပူးပေါင်း၍ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပဆောင် ရွက်ခဲ့ရာ ကျွန်း(၁၅၀) ပင်၊ ခရေ(၂၀) ပင်၊ ပိတောက်(၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀၀) ပင်၊ မန်ကျည်း(၇၀)ပင်၊ မယ်ဇယ်(၃၀)ပင်၊ ရေတမာ(၃၀) ပင်၊ စုစုပေါင်း(၅၀၀)ပင် စိုက်ပျိုးပြီးစီးပါကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ သတင်းရရှိပါသည်။


