သာယာဝတီမြို့နယ်၊ အလက ကွက်သစ်ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလပ်စတစ်ဆိုးကျိုးများ၊ သစ်တောသစ်ပင် အကျိုးကျေးဇူးများ အသိပညာပေးဟောပြောပွဲကျင်းပ

(၁၇.၆.၂၀၂၅)ရက်နေ့ နံနက် (၈:၃၀)နာရီ အချိန်တွင် သာယာဝတီမြို့နယ်၊ အလက ကွက်သစ် ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလပ်စတစ်ဆိုးကျိုးများ၊ သစ်တောသစ်ပင် အကျိုးကျေးဇူးများ အသိပညာပေးဟောပြောပွဲအား သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိှ ဦးစောအယ်ကလူစိုးမိုးမှ ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းဟိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်မှ မီးဘေးအန္တရာယ် ဟောပြောခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လ/ထ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာမှ မိုးကြိုးဘေးအန္တရာယ် ရှင်းလင်းဟောပြောခြင်းများလည်း ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းဟိုနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦး၊ ဌာနဆိုင်ရာများမှ (၂၀) ဦး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မ(၁၁) ဦး၊ ကျောင်းသူ/ ကျောင်းသား (၉၅) ဦး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ ဝန်ထမ်း(၅) ဦး စုစုပေါင်း (၁၃၅) ဦး တက်ရောက်ပါကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, June 17, 2025 - 18:00