ပဲခူးမြို့နယ်သစ်တောဦးစီးဌာနနှင့်ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းတို့ပူးပေါင်းကျင်းပသည့်မြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ပဲခူးမြို့နယ်သစ်တောဦးစီးဌာနနှင့်ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းတို့ပူးပေါင်းကျင်းပသည့်မြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား (၁၇-၆-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာအင်းတကော်မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ရန်ကုန်မြို့မြန်မာနိုဘယ်အင်ဂျင်ရာနီယာကောလိပ်မှဆရာဆရာမနှင့်ကျောင်းသားကျောင်းသူများ၊စိန်ဂေဟာအရောင်းဆိုင်များမှကုမ္ပဏီ ဝန်ထမ်းများ၊ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများနှင့်ဒေသခံပြည်သူများစုစုပေါင်း(၂၅၀) ဦးတို့မှတက်ရောက်ပြီးမနက်(၀၉း၀၀)နာရီ၌ ပန်းပျိုးလက်ဘုန်းတော်ကြီးကျောင်းတွင်ပဲခူးမြို့နယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးတင်ထွန်းမှသစ်ပင်စိုက်ပွဲအခမ်းအနားသို့တက်ရောက်လာသူများအား"မိုးရာသီသစ်ပင်စိုက်ပျိုးပြုစု၊ထိန်းသိမ်းရေး၊အသိပညာပေးဟော ပြောပွဲ"အားကျင်းပပြုလုပ်ပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမှတ် တမ်းဗွီဒီယိုများပြသပြီး(၁၂း၃၀)နာရီတွင်အင်းတကော်-ကျောက်တန်းလမ်းဘေးဝဲယာတွင်အင်းတကော်မြို့ရှိဌာနဆိုင်ရာနှင့်လူမှုရေးအသင်းအဖွဲ့များအားလူထုဖြန့်ပျိုးပင်များဖြန့်ဝေပေးခြင်းအစီအစဉ်နှင့်အတူစိမ်းလန်းစိုပြည်ရေးအနေဖြင့်အရိပ်ရအပွင့်ပွင့်ပြီးမျက်စိပဒါသဖြစ်စေသည့်ခရေ၊ကံ့ကော်၊ပန်းပိတောက်၊ပျဥ်းမ၊ငုရွှေဝါ၊စိန်ပန်းနီ၊စိန်ပန်းဝါ၊တယ်၊မန်ဂျန်ရှားပျိုးပင်ပေါင်း(၁၁၀၀)ပင်အားစုပေါင်း၍ စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။









