၉-၆-၂၀၂၅ ရက်နေ့မှ ၁၅-၆-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၈၁၇၉)တန်၊ သစ်မာ (၂.၁၇၉၀)တန်၊ အခြား (၆.၅၈၀၈)တန်၊ စုစုပေါင်း (၂၂.၅၇၇၇)တန်၊ ယာဉ်/ ယန္တရား (10)စီး၊ တရားခံ (1၅)ဦး ဖမ်းဆီးရမိခဲ့ပါ။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၆-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သုံးဆယ်ဘိနယ်၊ မီးနင်းချောင်း စစ်ဆေးရေးဂိတ်မှ တရားမဝင် ကျွန်း ခွဲသား/တံခါးချပ်ဆိုဒ်စုံ စုစုပေါင်း (၂၂၉)ချောင်း/ ချပ် (၇.၅၇၁၁)တန်၊ (၆)ဘီးယာဉ် (၁)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Wednesday, June 18, 2025 - 15:30