တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး၊ပလပ်စတစ်လျော့ချသုံးစွဲရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၁၈.၆.၂၀၂၅ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ အ.ထ.က တာရပိုင်း တွင်”သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး၊ပလပ်စတစ်လျော့ချသုံးစွဲရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား မြို့နယ်အဆင့် ပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် သစ်တောသစ်ပင်ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း များ၊ သစ်တောသစ်ပင်များမှရရှိသော တိုက်ရိုက်/သွယ်ဝိုက်အကျိုးကျေးဇူးများ၊ ရေချိုအားချွေတာသုံးစွဲရေးနှင့် ရေသယံဇာတများရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ပလပ်စတစ်များလျှော့ချသုံးစွဲရေး၊အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်ရေး၊ မီးခိုး မြူငွေ့ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများနှင့် ကာကွယ်နိုင်သည့်နည်းလမ်းများကို ဦးစီးအရာရှိ ဦးသန်းဇော်ဝင်းမှ ဟောပြောခဲ့ပြီး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၃)ဦး၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖ ( ၃ )ဦး၊ အ.ထ.က (တာရပိုင်း) မှကျောင်းအုပ်ဆရာမကြီး (ယာယီ)နှင့် ဆရာ/ဆရာမ (၈)ဦးနှင့်ကျောင်းသူ/ကျောင်းသား ( ၈၁ )ဦး၊ စုစုပေါင်း ( ၉၅ )ဦးတက်ရောက်ခဲ့ပြီး၊ တက်ရောက်သူများမှ သိလိုသည်များကို မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ဆက်လက်၍ ဟောပြောပွဲတက်ရောက်သူများအား သစ်ပင်စိုက်ပျိုးပြုစုခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။







