သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၁၉-၆-၂၀၂၅) ရက်၊ ကြာသပတေးနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၂)ဦးစီက on line စနစ်ဖြင့်တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒေါက်တာသိန်းဆောင်(လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဦးစီးအရာရှိ ဒေါ်ဆုရည်နှင်းမှ စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံငှက်ပျံသန်းရာ ကွန်ရက်နယ်မြေစီမံအုပ်ချုပ်မှုများ ဆိုင်ရာဖိုရမ်နှင့်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။