ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၂၀၂၅ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့်၂၀၂၅ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကျင်းပ
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှုး၍ ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ၂၀၂၅ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ၂၁-၆-၂၀၂၅ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ်(၂) အခြေခံပညာနှင့် စက်မှု စိုက်မွေးအထက်တန်းကျောင်းတွင် တပြိုင်နက်ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားသူကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ဟားခါးအခြေချစစ်ဗျူဟာမှူး၊ ပြည်နယ်/ခရိုင်/မြု့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ အဖွဲ့ဝင်များ၊ ဆရာဆရာမနှင့်ကျောင်းသားကျောင်းသူများ စုစုပေါင်း အင်အား (၂၇၈)ဦး တက်ရောက်ကြပါသည်။
၂၀၂၅ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီနောက် တက်ရောက်လာသူများမှ ချယ်ရီ၊ စိန်ပန်းပြာ၊ ရေသင်းဝင်၊ ငုရွှေ၊ တောင်ဇလပ်၊ ယူကလစ်၊ မျောက်ငို၊ သရက္ခန် ပျိုးပင် စုစုပေါင်း (၂၈၅) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ စိုက်ပျိုးမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၅ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အဆိုပါကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အမျိုးသမီးရေးရာ အဖွဲ့ဝင်များအား ပျိုးပင်များ ပေးအပ်ပြီးနောက် တက်ရောက်လာသူများမှ ချယ်ရီ၊ စိန်ပန်းပြာ၊ ရေသင်းဝင်၊ ငုရွှေ၊ ယူကလစ် ပျိုးပင် စုစုပေါင်း (၂၆၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ စိုက်ပျိုးမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြောင်းသတင်းရရှိပါသည်။







