ရှမ်းပြည်နယ် (တောင်ပိုင်း)၊ကွန်ဟိန်းမြို့တွင် ၂၀၂၅ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို (၂၁.၆.၂၀၂၅)ရက်နေ့၌ကျရောက်သော အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အဖြစ် နံနက် (၀၉:၀၀)နာရီ အချိန်တွင် ကာလိမြို့၊ အမှတ်(၁၅၁)‌ခြေလျင်တပ်ရင်း၊ တပ်ဝန်းအတွင်း ကျင်းပရာ ကွန်ဟိန်းမြို့ စစ်ဗျူဟာအ‌‌ခြေချဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းသူအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ/တပ်ရင်းတပ်ဖွဲ့များ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/သူများ၊လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း လူဦးရေ (၁၅၀)ခန့် တက်ရောက်ပြီး ကျွန်း(၃၀၀)ပင်၊ ရေသင်းဝင် (၃၀၀) ပင် စုစုပေါင်း (၆၀၀)ပင်အား စိုက်ပျိုးခဲ့ကြကြောင်းသတင်းရရှိပါသည်။

date: 
Monday, June 23, 2025 - 10:00