မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲက ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ တိုင်းဒေသကြီးအဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ တိုင်းဒေသကြီးအဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ၂၁-၆-၂၀၂၅ ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးကားလမ်း၊ မိုင်တိုင်အမှတ်(76)KM အနီး မြေကွက်လပ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် သစ်တောဦးစီးဌာနဝန်ထမ်းများ စုစုပေါင်းအင်အား(၈၂၅)ဦးတို့ဖြင့် ချယ်ရီပျိုးပင် (၈၂၅)ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။







