မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၅ ခုနှစ် ပြည်နယ်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ(၂၁-၆-၂၀၂၅) ရက်နေ့၊ နံနက် (၀၇:၃၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြို့တိုးချဲ့အိမ်ရာမြေအတွင်း၌ ၂၀၂၅ ခုနှစ် ပြည်နယ်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/သူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ အား/ကာသိပ္ပံ၊ ကြက်ခြေနီ၊ ပြည်သူလူထု စုစုပေါင်း အင်အား (၆၁၃)ဦးတက်ရောက်ကြပြီး လှိုင်ရပ်ကွက်၊ မြို့တိုးချဲ့အိမ်ရာမြေနှင့် လိုက်ဖက်ပြီး ရာသီအလိုက်ဖူးပွင့်သည့် ရနံ့သင်းပြန့်သော ကံ့ကော်၊ ခရေ၊ စိန်ပန်းနီ၊ စိန်ပန်းဝါ၊ ငုရွှေဝါ၊ ရေတမာ၊ ရင်ခတ်၊ အနန်းနှင့် ပျဉ်းမသစ်မျိုး စုစုပေါင်း (၁၅၀၀)ပင်ကို အစီအစဉ်တကျ စိုက်ပျိုးခဲ့ကြကြောင်းသတင်းရရှိပါသည်။

date: 
Monday, June 23, 2025 - 10:00