ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ၊ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကကြီးမှုး၍ ၂၀၂၅ ခုနှစ် ၊ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၀-၆-၂၅ ရက်နေ့(၀၇:၃၀)နာရီတွင် လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းအနီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊လှည်းကူးတပ်နယ်မှုး နှင့်ဇနီး၊အဆင့်မြင့်အရာရှိများ၊တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လှည်းကူးပညာပေးရေးကောလိပ်မှ ဆရာ/ဆရာမ ကျောင်းသား/သူများ ၊ ဖောင်ကြီး သမဝါယမကောလိပ် ကျောင်းသား/သူများ၊သစ်တောဝန်ထမ်းများ၊ ဒေသခံပြည်သူများ ၊ အခြေခံပညာကျောင်းများမှဆရာ/ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား (၂၀၀၀) ခန့် တက်ရောက်ကြပြီး ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က ပိတောက် ပင်ကိုလည်းကောင်း၊ ဝန်ကြီးချုပ်၏ ဇနီးက ခရေပင် ကိုလည်းကောင်း စိုက်ပျိုးပေးပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့ က အထိမ်းအမှတ် သစ်ပင်များ စိုက်ပျိုးကြကာ အခမ်းအနားတက်ရောက်လာကြသူများက သစ်ပင်များ တပျော်တပါး စုပေါင်းစိုက်ပျိုးကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို (၀၈၁၅) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါကြောင်းနှင့် ယနေ့ ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲ၌ ပျဉ်းကတိုး (၈၇၂)ပင်၊ ပိတောက်(၁၆၈၇)ပင်၊ပျဉ်းမ(၃၃၅)ပင်၊ မဟော်ဂနီ(၁၂၄၄)ပင်၊ စိန်ပန်း (၂၇၃)ပင်၊ ခရေ(၁၉၃) ပင်၊ ကံ့ကော် (၇၇၀)ပင်၊ သင်းဝင် (၁)ပင်နှင့် ယင်းမာ (၁)ပင် စုစုပေါင်း သစ်မျိုး (၉)မျိုး၊ ပျိုးပင်ပေါင်း (၅၃၇၆)ပင် ဧရိယာ (၉.၃ ဧက) တွင် လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Monday, June 23, 2025 - 10:15