သန်လျင်မြို့နယ်၊ ဇာမဏီအင်းရေလှောင်တမံအနီး၌ ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
(၂၃.၆.၂၅)ရက်နေ့ (၀၇:၃၀) နာရီတွင် သန်လျင်မြို့နယ်၊ ဇာမဏီအင်း ရေလှောင်တမံအနီး၌ ခရိုင်အဆင့် မိုးရာသီသစ်ပင် စိုက် ပျိုးပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်း ၊ ရန်ကုန် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှဉီး၊ သန်လျင်ခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်သိုက်ဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌများ၊ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၅၀၀)ဦး တက် ရောက်ခဲ့ပြီး ကျွန်း(၂)ပင်၊ပိတောက် (၂) ပင်၊ပျဉ်းမ(၂)ပင်၊ မဟော်ဂနီ (၂၅၂) ပင်၊ ပျဉ်းကတိုး(၂၅၂)ပင်၊ မန်ဂျန်ရှား(၅၀၀)ပင်စုစုပေါင်း (၁၀၁၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိပါသည်။




date:
Tuesday, June 24, 2025 - 09:45