ဘားအံမြို့၊အမှတ်(၂)ဘိလပ်မြေစက်ရုံ(တန်၄၀၀၀)၊ မြိုင်ကလေး၌(၂၀၂၅)ခုနစ်၊ မိုးရာသီ ဒုတိယအကြိမ်(ပြည်နယ်အဆင့်)သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပ
၂၃.၆.၂၀၂၅ရက်နေ့(၀၇:၃၀)နာရီအချိန်တွင် ဘားအံမြို့၊အမှတ်(၂)ဘိလပ်မြေစက်ရုံ(တန်၄၀၀၀)၊ မြိုင်ကလေး ၌(၂၀၂၅)ခုနစ်မိုးရာသီ ဒုတိယအကြိမ်(ပြည်နယ်အဆင့်)သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့ရာပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရတခ ဒုတိုင်းမှူး၊တရားသူကြီးချုပ်နှင့်ဇနီး၊ ပနအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ပနအဆင့်ဌာနဆိုင်ရာများ၊ဘိလပ်မြေစက်ရုံမှဝန်ထမ်းများ၊မြိုင်ကလေးတပ်နယ်မှအရာရှိ/စစ်သည်/ရဲမေများ၊ကျောင်းသား/သူများ၊အသင်းအဖွဲ့များမှအင်အား(၇၅၀)ဦး တက်ရောက်ခဲ့ပြီးမအူ(၆၀၀)ပင်နှင့်ပျဉ်းမ(၆၀၀)ပင်စုစုပေါင်း(၁၂၀၀)ပင်အားတပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။






date:
Tuesday, June 24, 2025 - 09:45