ဝါးလက်မှုအခြေခံပစ္စည်းများထုတ်လုပ်ခြင်းဆိုင်ရာ အဆင့်မြင့် နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

(၂၄-၆-၂၀၂၅) ရက်နေ့တွင် နံနက် (၈:၃၀) တွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ FD-AFoCO NTFP စီမံကိန်း၏ ဝါးလက်မှု အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းဆိုင်ရာ အဆင့်မြင့်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ သစ်တော ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ဆရာမများ၊ သစ်တောသုတေသနဌာနမှ အရာထမ်းများ၊ သင်တန်းသူ များ တက်ရောက်ခဲ့ပါသည်။ FD-AFoCO NTFP စီမံကိန်း၏ ယခုသင်တန်းသည် ဝါးလက်မှုပစ္စည်းများ အဆင့်မြင့်ထုတ်လုပ်ရာတွင် ဝါးနှီးများ ကြာရှည်ခံစေရန်/ အရည်အသွေးကောင်းစေရန် ပြုတ်ခြင်း/ပေါင်းခြင်း များလက်တွေ့ သင်ကြားတတ်မြောက်စေရန်၊ သင့်လျော် သည့် ဝါးနှီးအရွယ်အစားများနှင့် ယက်လုပ်မည့်ပုံစံ အား ရွေးချယ်တတ်စေရန်နှင့် ဝါးလက်မှုပစ္စည်းများအား ဈေးကွက်ဝင်ရန် အရောင်တင်ခြင်း နည်းစနစ် မှန်ကန်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် (၂၄-၆-၂၀၂၅ ရက်မှ ၃၀-၆-၂၀၂၅) ရက်အထိ ရက်သတ္တပတ် (၁) ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ရိုးရာဝါးလက်မှုအခြေခံ ဆန်ကောဆန်ခါ များယက်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည့် ပျဉ်းမနားမြို့နယ် လဲလူးအိုင်ကျေးရွာမှ သင်တန်းသူ (၂၅)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, June 24, 2025 - 20:15