တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအားကျင်းပ
၂၄-၆-၂၀၂၅ (အင်္ဂါနေ့) နံနက်(၀၈:၃၀) နာရီအချိန်တွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်) တို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) တက်ရောက်ပြီး သစ်ပင်စိုက်ပျိုးပေးခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ တိရစ္ဆာန်ဥယျာဉ်များဌာနမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ Htoo Zoos & Gardens Business Unit မှ CEO ဦးရာဇာထွေး၊ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများတက်ရောက် ခဲ့ပြီး သစ်မျိုး(၁၁)မျိုး၊ သစ်ပင်ပေါင်း (၃၀၂) ပင်အားစိုက်ပျိုးခဲ့ပါသည်။
date:
Wednesday, June 25, 2025 - 10:45