Htoo Zoos & Gardens Business Unit မှ ကြီးမှူး၍ ထိုင်းနိုင်ငံ The Zoological Park Organization(Thailand) တို့ပူးပေါင်း၍(Animal Welfare Training Workshop)ကျင်းပပြုလုပ်

Htoo Zoos & Gardens Business Unit မှ ကြီးမှူး၍ ထိုင်းနိုင်ငံ The Zoological Park Organization (Thailand) တို့ပူးပေါင်း၍ (Animal Welfare Training Workshop) အား (၂၄-၆-၂၀၂၅) ရက်နေ့မှ (၂၅-၆-၂၀၂၅) ရက်နေ့အထိ ရှင်းလင်းဆောင်ခန်းမ၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)တွင် ကျင်းပပြုလုပ်လျက်ရှိရာ ၂၄ - ၆ -၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)က တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိရစ္ဆာန်ဥယျာဉ်များဌာနနှင့် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ အရာထမ်းများ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်၊ ရန်ကုန်၊ ရတနာပုံ) တို့မှ အုပ်ချုပ်ရေးမှူးမျာ၊ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများ၊ မြန်မာ့သစ် လုပ်ငန်းမှ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(နေပြည်တော်)မှ ဆရာ/ ဆရာမများနှင့် ကျောင်းသူ/ကျောင်းသား များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, June 25, 2025 - 10:45