ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ၊ အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရကျောင်းတွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ် (တတိယအကြိမ်)မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
(၂၇-၆-၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ၊ အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရကျောင်းတွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ် (တတိယအကြိမ်)မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ ခရေ၊ ကံ့ကော်၊ အင်ကြင်း၊ စိန်ပန်း၊ မဟော်ဂနီ၊ ပုန်းညှက် (၁၃၅၀)ပင်အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာများ ၊ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ NGO အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၀၀၀)ဦး တက်ရောက်စိုက်ပျိုးခဲ့ပါကြောင်းသတင်ရရှိသည်။




