ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ​​မော်​ဖောင်း​​ကျေးရွာသစ်၊ နန်​ပေါင်​ရှောင်ကွင်းလမ်း၌ ၂၀၂၅-ခုနှစ်(အဌမအကြိမ်)ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်မှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ ဇွန်လအတွင်း တစ်ပတ်လျှင် နှစ်ကြိမ် ​ဆောင်ရွက်ရန်လမ်းညွှန်ချက်အရ ယ​နေ့ ဇွန်လ(၂၈)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ​၊ ​​မော်​ဖောင်း​​ကျေးရွာသစ်၊ နန်​ပေါင်​ရှောင်ကွင်းလမ်း၌ ၂၀၂၅-ခုနှစ် (အဌမအကြိမ်)ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ ၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊​မော်​ဖောင်း​ကျေးရွာသူ/​ကျေးရွာသားများနှင့် ​ကျောင်းသား/​ကျောင်းသူများ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီးပျဉ်းကတိုး(၃၅၀)ပင်၊ မန်ဂျန်းရှား(၃၅၀)ပင် စုစုပေါင်း (၇၀၀)ပင်အား သတ်မှတ်​နေရာများတွင် တ​ပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြပါ​ကြောင်း သတင်းရရှိပါသည်။

date: 
Saturday, June 28, 2025 - 14:00