ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့ တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ လှော်ကား ရေဝေရေလဲ ဒေသ၌ကျင်းပသည်။အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မိခင် နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ကော်မတီဝင်များနှင့် ဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး သစ်ပင်များ စုပေါင်းစိုက်ပျိုးကြပါသည်။ယနေ့အခမ်းအနားတွင်ကျွန်း(၄၀၀၀) ပင်၊ ပျဉ်းကတိုး(၂၂၀၀)ပင်၊ မဟော် ဂနီ (၄၀၀၀)ပင်၊ သရက်(၂၀၀)ပင်၊ ပိန္နဲ(၂၀၀)ပင်နှင့် ဒူးရင်း(၂၀၀) ပင် စုစုပေါင်း(၁၀၈၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိပါသည်။


