သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သုံးခွအနောက်ကျေးရွာအုပ်စု၊ မြို့ရှောင်လမ်း မိုင်တိုင် ၄/၄နှင့်၄/၅ ကြားတွင် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာန(လမ်းအထူးအဖွဲ့- ၁၄)တို့၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
(၃၀.၆.၂၀၂၅)ရက်နေ့၊ (၀၈:၀၀ )အချိန်တွင် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သုံးခွအနောက်ကျေးရွာအုပ်စု၊ မြို့ရှောင်လမ်း မိုင်တိုင် ၄/၄နှင့်၄/၅ ကြားတွင် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာန (လမ်းအထူးအဖွဲ့- ၁၄) တို့၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သုံးခွမြို့နယ် လုံခြုံရေး စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး ဟန်ထက်အောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးလင်းမောင်သက် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ စုစုပေါင်းအင်အား (၂၄၇)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန တာဝန်ခံတောအုပ်ကြီး ဦးအာကာဝင်း က ပျိုးပင် များပေးအပ်ခဲ့ပြီး အခမ်းအနား တက် ရောက်လာသူများ က မန်ဂျန်ရှား (၅၀၀)ပင်၊ မဟော်ဂနီ(၃)ပင်၊ ခရေ(၂)ပင်၊ ပျဉ်းကတိုး (၂)ပင်၊ စုစုပေါင်း (၅၀၇)ပင် စိုက်ပျိုးခဲ့ကြပြီး (၀၉၀၀)အချိန်တွင် အခမ်းအနား ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

