ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမွေးမြူရေးဇုန် စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို (၃၀/၆/၂၅) ရက်နေ့ (၀၉၀၀)နာရီတွင့် ချင်းကုန်းကျေးရွာအုပ်စု၊ တိုက်ကြီးမွေးမြူရေးဇုန်၌ကျင်းပ

သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး နှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ မွေးမြူရေးဇုန်အတွင်းရှိ လုပ်ငန်းရှင် များ တက်ရောက်ကြပြီး ဆက်သွယ်ရေးလမ်း ဝဲ၊ယာတွင် မန်ဂျန်ရှား ၄၉၈၉ ပင်၊ ပိတောက် ၃ ပင်၊ မဟော် ဂနီ ၃ ပင်၊ ပျဉ်းကတိုး ၃ ပင်၊ ပျဉ်းမ ၂ ပင် စုစုပေါင်း (၅၀၀၀)ပင် ကို လည်းကောင်း မွေးမြူရေးဇုန်ခြံဝန်းအသီးသီး၌ မန်ဂျန်ရှား ၂၉၀၀၀ ပင်နှင့် ကျွန်းပင် ၁၀၀၀ပင် ကို လည်းကောင်း စုစုပေါင်း သစ်ပင် ၃၅၀၀၀ ပင်ကို တပြိုင် တည်း စုပေါင်း စိုက်ပျိုးခဲ့ကြပြီး(၁၀၀၀)နာရီတွင် အခမ်းအနား ပြီးမြောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Monday, June 30, 2025 - 20:30