ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ​​မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ၊ ဇူလိုင် (၃) ရက်​နေ့တွင် ကျ​ရောက်မည့် "မြန်မာအမျိုးသမီးများ​နေ့" အထိမ်းအမှတ်အဖြစ်(နဝမ)အကြိမ်​မြောက်ပြည်နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကျင်းပ

(၂-၇-၂၀၂၅) ရက်နေ့ ၊ နံနက်(၀၇:၃၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ​​မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၃) ရက်​နေ့တွင် ကျ​ရောက်မည့် "မြန်မာအမျိုးသမီးများ​နေ့" အထိမ်းအမှတ်အဖြစ် (နဝမ)အကြိမ်​မြောက်ပြည်နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲဲ့ ၊ ဝန်ကြီးချုပ်နှင့် ဇနီး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီး​ရေးရာအဖွဲ့ ဥက္ကဌများ နှင့် အဖွဲ့ဝင်များ ၊ ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊​ မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ​ကျောင်းသူ/ ​ကျောင်းသားများ ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီးပျဉ်းကတိုး(၂၀၆)ပင်၊ တမလန်း(၂၀၇) ပင်၊ စကားဝါ(၂၀၇) ပင် ၊ ယမ​နေ (၂၀၀ ) ပင်၊ ​ရေပိတုန်း( ၁၃၀)ပင် စုစုပေါင်း (၉၅၀)ပင်အား သတ်မှတ်​နေရာများတွင် တ​ပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။ ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်စိုက်ပျိုးပွဲအပင်များ ရှင်သန်ဖြစ်ထွန်း​နေမှုအားလည်း လှည့်လည်ကြည့်ရူ့စစ်ဆေးခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, July 2, 2025 - 12:30