စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(ခရိုင်အဆင့်)ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(ခရိုင်အဆင့်)ကို ၂-၇-၂၀၂၅ ရက်၊ (၀၈း၀၀)နာရီတွင် မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၊ အ.လ.က(ခွဲ) (မြို့သစ် ၁) ကျောင်းဝန်းအတွင်း ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ခစဖအဖွဲ့ဥက္ကဌနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊မစဖအဖွဲ့ဥက္ကဌနှင့်မြို့နယ်ဆိုင်ရာဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/သူ များ စုစုပေါင်း ၃၀၀ ဦး တက်ရောက်ပြီး ပျိုးသက် ၂ နှစ်သား အမြင့် ၂ ပေ အထက် စိန်ပန်းကြီး၊ ခရေ၊ ငုရွှေဝါ၊ တမာ၊ ပန်းမယ်ဇလီ၊ ဗန်ဒါ၊ မယ်ဇယ်၊ ရေတမာ မယ်ဇလီ၊ တပေဘူတ၊ စုစုပေါင်း ပျိုးပင် ၃၀၀ ပင်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, July 2, 2025 - 12:30