စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီတိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၂-၇-၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်ဝင်း အတွင်း တိုင်းဒေသကြီးအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော် အား ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး(နာယက၊တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့)၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဆရာဆရာမများနှင့် ကျောင်းသား/သူ များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား (၇၀၀)ဦး တက်ရောက်ပြီး ပျိုးသက်၂နှစ် သားအမြင့်၂ပေအထက်ပျိုးပင်ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ မယ်ဇယ်၊ တမာ၊ မန်ဂျန်ရှား သစ်မျိုး(၈)၊ စုစုပေါင်း (၇၅၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်း၊ (၉:၀၀) နာရီတွင် အခမ်းအနားပြီးဆုံးပါကြောင်းနှင့် သတင်းစာနှင့် ရုပ်မြင်သံကြားတွင် ပါဝင်နိုင်ရေး ပြန်/ဆက်ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ထားပါကြောင်းသတင်းရရှိပါသည်။







